*သားကောင်းရတနာ(နည်းပညာ)*မှကြိုဆိုပါ၏ ယခု WebPage အားအချိန်မပေးနိုင်၍ 30/11/2015 မှာရပ်နားထားခဲ့သည်။

Wednesday 5 March 2014

/* ဖုန်း Internal memory တိုးနည်းနှင့် App နှင့် Autoupdate များ SD ထဲသို့ လွှဲနည်း */

ဖုန်း Internal memory နည်းလို့အဆင်မပြေလို့မေးထားတဲ့ သူငယ်ချင်း အတွက်
၁။ root ဖောက်ပြီးသားဖြစ်ရပါမယ်။ SD card 2G အထက်ရှိရပါ မယ်။မလုပ်ခင်မှာ သင့် SD ထဲကဟာတွေကို Backup လုပ်ထား လိုက်ပါဦး။
၂။ Play Store (သို့) apk market တစ်ခုမှာ Link2SD , busybox နဲ့ မိမိ စက်နှင့်ကိုက်သည့် CWM(သို့မဟုတ်)ROM Manager ကိုဒေါင်းပြီးသွင်းလိုက် ပါ။ (ရှိပြီးသည့်ဟာထပ်သွင်းရန်မလိုပါ)
(CWM ကိုကွန်ပျူတာလွတ်သွင်းနည်း)
၃။ CWM ကိုဖွင့်ပြီး advanced > Partition SD Card >Ext size မှာ 512M>Swip size မှာ 0 >wait untail complete then back > Reboot (သင့် memory card ပမာဏကိုလိုက်၍ 512M နေရာတွင် 1024M နှင့်အထက်လည်းထားနိုင်သည်)
၎။ ပြီးလျှင် Link2SD ကိုဖွင့်လိုက်ပါ။ option(ဘယ်အောက်ထောင့်ခလုပ်) > More > Creat  mount scripts > ext4 > ok > reboot
ဒါဆိုရင် Partition ခွဲပြီးသွားပါပြီ။ app နဲ့ နောက်သွင်းမယ် app / update တွေကို SD card ထဲသို့လမ်းကြောင်းလွှဲခြင်းနဲ့ ပို့ခြင်းလုပ်ပါမယ်။
၅။ Link2SD ကိုပြန်ဖွင့်ပါ။ option> setting> Auto link ကိုအမှန်ပေးပါ။ အောက်မှAuto link setting ထဲတွင်လည်း အားလုံး အမှန်ခြစ်ပေးပါ။ အဲတာက သင်အသစ်သွင်းမယ့် ဟာတွေကို ခု ခွဲထားတဲ့ partition ထဲကို ပို့ပေးမှာဖြစ်ပါတယ်။
၆။ အရင်သွင်းပြီးသား ဟာတွေကို အဲ့တိ အထဲကိုပို့ မယ်ဆိုရင်တော့ အပေါ်မှာ ဖန်ခွက်ပုံ/သဲနာရီပုံ ကိုနှိပ်> On internal ကိုရွေး> ပေါ်လာသော app များထဲမှ super user/font/keyboard မှလွဲ၍ကျန်တာကို  Multi select နဲ့ select လုပ်ပြီး Create link လုပ်ပစ်လိုက်ပါ။
၇။SD card ထဲကိုပဲပို့ချင်ရင်တော့> On SD card ကိုရွေးပါ။
 
 

0 comments:

Post a Comment