*သားကောင်းရတနာ(နည်းပညာ)*မှကြိုဆိုပါ၏ ယခု WebPage အားအချိန်မပေးနိုင်၍ 30/11/2015 မှာရပ်နားထားခဲ့သည်။
Showing posts with label Samsung ဖုန်းဆိုင်ရာ. Show all posts
Showing posts with label Samsung ဖုန်းဆိုင်ရာ. Show all posts

Wednesday, 7 January 2015

Samsung Note2 N7100 Android 4.3 Stock Leaked Firmware တင်နည်း

Model: GT-N7100
Country: Open Europe
Version: Android 4.3
Changelist: 1750609
Build date: Fri, 25 Sep 2013 18:06:49 +0000
Product Code: OXA
PDA: N7100XXUEMI6
CSC: N7100OXAEMI6
MODEM: N7100XXUEMI6


Samsung Note2 N7100 Android 4.3 Stock Leaked Firmware တင်နည်းကို မသိသေးသူများအတွက် အသေးစိတ်ရေးတင်လိုက်ပါတယ် မထမဆုံး လိုအပ်တာတွေကို အောက်မှာ အရင်ဒေါင်းယူပါ

SamSung USB Driver= DOWNLOAD

Download Firmware and Odin

Zip Password = wagnervaz 

အာလုံးဒေါင်းပြီးရင်တော့ WinRAR or Zip ဖိုင်များကို Extract  လုပ်ပါ ပြီးရင်တော့ ထုံးစံအတိုင်း မိမိရဲ့ဖုန်းရဲ့ Settings ထဲဝင်ပြီး Unknown Sources / USB debugging ကိုအမှန်ခြစ်ပေးထားပါ Driver မရှိသေးသူများကတော့  Samsung USB Driver ကို PC မှာ Install လုပ်ပါ

ပြီးရင်တော့ Odin3-v3.09 ကို Run ပြီတော့ AP ဆိုတဲ့ button လေးကိုကလစ်ပြီးတော့ ဒေါင်းထားတဲ့ AP_N7100XXUEM16_CP_N7100XXEM16_CSC_N7100XAEM16_BY_WVAZ_DINK  ဖိုင်ကို ရွေးပေးပါမယ် အောက်ပုံအတိုင်း ပုံများသေးနေရင် ကလစ်ပြီးကြည့်ပါ 

ပီးရင်တော့ ဖုန်းကို Power ပိတ်ပါ၊ Download Mode ၀င်ဖို့ (Volume Down + Home + Power) တပြိုင်တည်းတွဲနိပ်ထားပါမယ် Warning!! တက်လာရင်တော့ Volume Up ကိုဆက်နိပ်ပါ ဒါဆို Download Mode ရောက်ပါပီအောက်ပုံ အတိုင်း


 ပြီးရင်တော့ ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ဆက်ပါမယ် Odin ကလဲ phone-driver ကိုသိပြီဆိုရင် ID:COM မှာအပြာနုရောင်လေးသန်းလာပါမယ် အောက်ပုံလေးအတိုင်း

 
ဒါဆိုရင်တော့အောက်နားက Star button လေးကိုနိပ်ပြီး ခဏစောင့်နေပါ သူပါသူအလုပ်လုပ်နေပါလိမ့်မယ် အပေါ်က အစိမ်းကွက်လေးထဲမှာ PASS! ဆိုပြီးပြရင်တော့ ဖုန်းကို USB ကြိုးကိုဖြုတ်လိုက်ပါ ဖုန်း restart ကျပြီးပြင်တက်လာရင်တော့Samsung Note2 N7100 Android 4.3 ကို Firmware တင်ခြင်းပြီးပါပြီ။

 

ဆက်ပြီးတော့ ဖုန်းကို Power ပိတ် Volume Up+Home Button+Power Key သုံးခုတွဲနိပ်ပြီး Recovery Mode ထဲကိုဝင်ပါ။ ပြီးရင် Volume ခလုတ်ကိုအပေါ်အောက် နိပ်ပြီး Wipe Data/Factory Reset - Wipe cache partition  ပြီးရင်တော့ Reboot system now ကိုရွေးချယ်ပြီး ဖုန်းကို Reset ချပေးလိုက်ပါ


 Screen Shot







တင်သမျှ ပို့စ် တွေကို Facebook မှာကြည့်မယ်ဆို{ ဒီနေရာမှ }သွားပြီး LIKE ပေးထားနိုင်ပါတယ်

Saturday, 3 January 2015

GT-I9300 နဲ့ GT-N7100 တွေ ကို error ကင်းစွာ downgrade ဆင်းဖို့ Samsung Downgrade Tool

GT-I9300 နဲ့ GT-N7100 တွေ ကို version 4.3 ကနေ ပြန်ပီး
downgrade ချရင် Odin မှာ Fail ဖြစ်နေတတ်ပါတယ်
ခုTool က ADB mode ကနေ သုံးရမှာပါ
USB Debugging ON ထားရမယ် Root access ရှိရမယ်
သုံးတော.မယ်ဆိုရင် USB ကြိုးသုံးပီး PC မှာ ချိတ်ပါ
Tool ကို Run လိုက်ပါ သက်ဆိုင်ရာ မော်ဒယ်ကိုရွေးပီး Enter ခေါက်ပေးလိုက်ပါ
ပြန်တက်လာရင် ကိုယ်ရေးချင်တဲ့ Firmware file ကို Odin ကနေ ရေးလိုက်ပါ
Error မတက်ပဲ အဆင်ပြေပြေ ဆင်းလို.ရသွားမှာပါ။






Developed By Phyo Nyi Nyi



တင်သမျှ ပို့စ် တွေကို Facebook မှာကြည့်မယ်ဆို{ ဒီနေရာမှ }သွားပြီး LIKE ပေးထားနိုင်ပါတယ်

Friday, 2 January 2015

Samsaung S3,S4,Note2 ဖုန်းများအတွက် Dead Boot နိုးနည်းအပြည့်အစုံ

 Samsaung ဖုန်းများပါဝါမလာတော့လျှင် ပထမဦးစွာ DC Power Supply ဖြစ်ချိတ်ပြီး ဖွင့်ကြည့်ပါ Power ပွင့်တယ်ဆိုလျှင် Battery လဲပြီးပြန်သုံးနိုင်ပါသည်။DC Power Supply ဖြင့် နိုးသော်လည်း တစ်ကယ်လို့ မှ ၀.၁၆A သို့ မဟုတ် ၀.၂၈A ပတ်ချာလည် သို့ ဆွဲပြီး ပါဝါမနိုးလျှင် ထိုဖုန်းမှာ Dead Boot ဖြစ်နေသည်ဟု ယူဆနိုင်ပါသည်။

(၁)ထိုအခြေအနေမျိုးတွင် ကျွန်တော်တို့ က Memory Card ဖြင့်နိုးကြည့်ရပါမည်။ပထမဦးစွာ ကျွန်တော်တို့  Deadboot Memory Card ပြုလုပ်ရပါမည်။ပြုလုပ်နည်းကတော့ ဒီမှာဒေါင်းပါ https://www.dropbox.com/s/g86ulgqmq8xdg6y/Deadboot%20Memory%20Card%20%28Hellothargyi%29.pdf?dl=0
Dead Boot Memory Card ပြုလုပ်ပြီးလျှင် Jip တစ်ခုလိုပါသည်။ပထမဦးစွာ ဖုန်းကို Battery ဖြုတ်ထားပါ ပြီးနောက်
Memory Card ကို ဖုန်းထဲထည့်ပြီး Jip ကိုထိုးပါ ပြီးလျှင် Battery ပြန်တပ်ပါ
၂ မိနစ်ခန့် ထားပါ။
ထို့ နောက် ဖုန်းကို Battery ဖြုတ်ပြီး Memory Card ကိုပြန်ထုတ်ပါ။
ဖုန်းအား Battery ပြန်တပ်ပြီး Download Mode ၀င်ပါ ထိုအခါဖုန်းတွင်
Download Mode ပြောင်းပြန်ပေါ်နေတတ်ပါသည် သို့ မဟုတ် Product Name ပျောက်နေတတ်ပါသည်။ထိုသို့ ပေါ်လာလျှင် မိတ်ဆွေ Deadboot နိုးတာအောင်မြင်သွားပါပြီး နောက်တဆင့် ဆက်ပြီးလုပ်ဆောင်ရပါမည်။


(၂)ဖုန်းအားကွန်ပြူတာနှင့်ချိတ်ဆက်ပြီး Firmware ပြန်ရေးရပါမည် ပြန်ရေးရာတွင် File အစုံပါသော Firmware ဖြင့်ပြန်ရေးရပါမည်။Firmware တတ်လာလျှင်ထို ဖုန်းကို ဖုန်းဆက်ရန်အတွက် အသုံးပြုဖို့ မရသေးပါ အဘယ်ကြောင့်ဆိုသော် ဖုန်းကို *#06# ဖြင့် IMEI ပြန်စစ်ကြည့်ပါ
004999……. ဖြစ်နေသည်ကိုတွေ့ နိုင်ပါသည်။ထို IMEI မှာ IMEI အတုဖြစ်ပါသည် ထို့ ကြောင့် ဖုန်းခေါ်မရတာပါ ဖုန်းအသုံးပြုရန် မူလ IMEI သို့ မဟုတ် Super IMEI ကို ပြန်ပြီးရေးမှသာ ဖုန်းဆက် ၇န်အတွက် အသုံးပြုနိုင်မှာပါ။ IMEI ပြန်ရေးရန်အတွက် SPT BOX or Z3X BOX ကိုအသုံးပြုနိုင်ပါသည်။


(၃)SPT BOX အသုံးပြုနည်းနှင့် IMEI ပြန်ရေးနည်းကို ဒီမှာဒေါင်းပါ https://www.dropbox.com/s/qs8mu3ebbrk69x1/SPT%20BOX%20%28Hellothargyi%29.pdf?dl=0


(၄) အကယ်လို့ နံပါတ်(၁)တွင်ပါဝါမနိုးလာပါက EMMC လည်းမှရနိုင်ပါမည်
EMMC လဲနည်း ဒီမှာဒေါင်းပါ https://www.dropbox.com/s/f8ie5umie3o0o3b/Hello%20Thar%20Gyi%20EMMC.pdf?dl=0


EMMC လဲပြီးသွားလျှင် (၃) မှနည်းအတိုင်း IMEI ပြန်ရေးရပါမည်။
ဖတ်ရူသူအားလုံးအဆင်ပြေကြပါစေ အမှားပါလျှင်လည်း စေတနာအမှားလို့ ပဲမြင်ပေးပါ ။




Credit = ဟယ်လို သားကြီး



တင်သမျှ ပို့စ် တွေကို Facebook မှာကြည့်မယ်ဆို{ ဒီနေရာမှ }သွားပြီး LIKE ပေးထားနိုင်ပါတယ်

Sunday, 16 November 2014

N7100 note2 (not registered on network) error ဖြေရှင်းနည်း


N7100 note2 upgrade (or) downgread လုပ်ပြီး (not registered on network) ဆိုပြီး  ဖုန်းခေါ် မရလျှင် ဖြေရှင်းနည်းဖြစ်ပါတယ် အောက် မှာပေးထားတဲ့ လင့် တွေက file တွေကိုအရင်ဒေါင်းယူပါ

Odin3 v3.07>>= DOWNLOAD

philz touch tar =Download Click Here

GT-N7100 Network Error Zip =Download Click Here

အားလုံးဒေါင်းပြီးရင်တော့ အရင်ဆုံး CWM တင်ဖို့ Odin ကိုသုံးပြီး philz touch tar md5 ဖိုင်ကို zip ဖြည်ပြီး PDA မှာထည့်ပြီး Flash ပါ ဖုန်း Reboot ကျပြီးပြန်တက်လာရင် CWM တင်ပြီးပါပြီ ပြီးရင် GT-N7100 Network Error Zip ကိုဒေါင်းပြီးဖြည်ချလိုက်ပါ အထဲမှ zip ဖိုင် ၂ ဖိုင်ကို ဖုန်းရဲ့ SdCard0 (သို့) exSdCard ထဲသို့ copy ယူပြီးထည့်ထားလိုက်ပါ ပြီးရင် ဖုန်း ပါဝါကို ပိတ်၍ Volume Up+Home key+ Power ကို တပြိုင်တည်း နှိပ်ထားပြီး Recovery mode သို့ဝင်ပါ ပြီးရင် copy ကူးထည့်ထားတဲ့ zip ဖိုင် ၂ ဖိုင်ကို Flash ပေးလိုက်ပါ ပြီးရင် Reboot ချပေးလိုက်ပါ ပြန်တက်လာရင်တော့ Sim ကဒ်ထည့်ပြီး အသုံးပြုလို့ရပါပြီ။




တင်သမျှ ပို့စ် တွေကို Facebook မှာကြည့်မယ်ဆို{ ဒီနေရာမှ }သွားပြီး LIKE ပေးထားနိုင်ပါတယ်

Friday, 17 October 2014

Samsung ဖုန်းများအတွက် Factory Mode Remover Apk

Samsung ဖုန်းများ ပုံပါအတိုင်း Factory Mode ၀င်နေခဲ့ရင် Remover လုပ်ပေးမဲ့ Apk လေးကိုတင်ပေးလိုက်ပါတယ် ဒီ Apk လေးကိုရေးထားသူကတော့( Ko Phyo Nyi Nyi )ဖြစ်ပါတယ် လိုအပ်သူတွေဒေါင်းယူနိုင်ပါပြီ။



တင်သမျှ ပို့စ် တွေကို Facebook မှာကြည့်မယ်ဆို{ ဒီနေရာမှ }သွားပြီး LIKE ပေးထားနိုင်ပါတယ်