*သားကောင်းရတနာ(နည်းပညာ)*မှကြိုဆိုပါ၏ ယခု WebPage အားအချိန်မပေးနိုင်၍ 30/11/2015 မှာရပ်နားထားခဲ့သည်။

Sunday 5 October 2014

iOS 8 တွင် မြန်မာစာ အသုံးပြု နိုင်ရန်အတွက် ထည့်သွင်းခြင်း



အသစ်ထွက်ရှိထားသည့် iOS 8 တွင် မြန်မာစာကို အသုံးပြုလိုသူများ အတွက် Zawgyi Font နှင့် မြန်မာစာ စာလုံးအား ရိုက်ရန်အတွက် Keyboard ဖြစ်သည့် ttkeyboard ကို အသုံးပြုနိုင်မည် ဖြစ်သည်။ မြန်မာစာ ထည့်သွင်းမည့် iPhone သို့မဟုတ် iPad တွင် ပထမဦးဆုံး Zawgyi Font ထည့်သွင်းရန်အတွက် အဆိုပါ Device များမှ Safari Browser ကို ဖွင့်ရမည် ဖြစ်သည်။ Safari Browser ထဲကိုရောက်ပြီဆိုလျှင် Address Bar တွင်

 http://t.co/WM70j6av69

အဆိုပါ လိပ်စာကို ရိုက်ထည့်ပြီး Zawgyi Font ကို ထည့်သွင်းပေးရမည် ဖြစ်သည်။ Zawgyi Font ကို ထည့်သွင်းပြီးလျှင် General ထဲမှ Profile တွင် Zawgyi 2008 ဆိုသည့် ဖိုင်တွေ့မြင်ရမည် ဖြစ်သည်။


Zawgyi Font ထည့်သွင်း ပြီးသွားပြီဆိုလျှင် မြန်မာစာ စာလုံးကို Keyboard ဖြင့် အသုံးပြုနိုင်ရန်အတွက် ttkeyboard ကို ထည့်သွင်းရမည်ဖြစ်သည်။ ttkeyboard ကို ထည့်သွင်းချင် သူများအတွက် ဖော်ပြထားသည့်

 http://goo.gl/9JLP63 

ဝက်ဘ်ဆိုက် လိပ်စာမှတစ်ဆင့် ttkeyboard ကို သွားရောက်ရယူ နိုင်မည်ဖြစ်ပြီး iTunes တွင်လည်း ttkeyboard ဟု ရိုက်ထည့်ပြီး ရှာဖွေကာ ထည့်သွင်းနိုင်မည် ဖြစ်သည်။ ထည့်သွင်းပြီးသွားလျှင် ttkeyboard ကို အသုံးပြုနိုင်ရန်အတွက် Settings > General > Keyboards Keyboard >Add New Keyboard > ttkeyboard အစရှိသည်တို့ကို အဆင့်ဆင့်သွား၍ ရွေးချယ်ပြီး ထည့်သွင်းပေးရမည် ဖြစ်သည်။ ထိုအဆင့်များအားလုံး ပြီးသွားလျှင် iOS 8 အသုံးပြုထားသည့် Device များတွင် မြန်မာစာကို အသုံးပြုနိုင်ပြီ ဖြစ်သည်။
 
http://internetjournal.com
 
 


တင်သမျှ ပို့စ် တွေကို Facebook မှာကြည့်မယ်ဆို{ ဒီနေရာမှ }သွားပြီး LIKE ပေးထားနိုင်ပါတယ်

0 comments:

Post a Comment