*သားကောင်းရတနာ(နည်းပညာ)*မှကြိုဆိုပါ၏ ယခု WebPage အားအချိန်မပေးနိုင်၍ 30/11/2015 မှာရပ်နားထားခဲ့သည်။

Thursday 11 September 2014

CD,DVD ခွေထဲကို သီချင်းများဘမ်းယူနည်း အဆင့်ဆင့်

CD,DVD ခွေထဲသို့ Ashampoo Burning Studio 2014 သုံးပြီး
မိစန္ဒီ ရဲ့ (ပစ်တိုင်းထောင်)စီးရီး Mp3 သီချင်းကို အခွေထဲသို့ ဘမ်းယူနည်းကို မသိသေးသူများအတွက် အသေးစိတ်ရေးတင်ပေးလိုက်ပါတယ် ပထမဆုံး လိုအပ်တာလေးတွေကို အရင်ဒေါင်းယူလိုက်ပါ
မိစန္ဒီ ရဲ့ (ပစ်တိုင်းထောင်)စီးရီး ကို (ဒီနေရာမှာ) ၀င်ရောက်ဒေါင်းယူနိုင်ပါတယ် ပြီးရင် Ashampoo Burning Studio 2014 ကို (ဒီနေရာမှာ) ဆိုတာကိုနိပ်ပြီးဒေါင်းယူနိုင်ပါတယ်။ ဒေါင်းပြီးရင်တော့ Ashampoo Burning Studio 2014 ကို Install လုပ်ပြီး ဖွင့်လိုက်ပါ အောက်ပုံအတိုင်း ပုံများသေးနေရင် ပုံကို ကလစ်ပြီးကြည့်နိုင်ပါတယ်

အပေါ်ပုံအတိုင်း Music/Create MP3 or WMA Disc ဆိုတာကိုရွေးပြီး နိပ်လိုက်ပါ။

အပေါ်ပုံမျှားထိုးပြထားတဲ့ Next ကို နိပ်ပြီးဆက်သွားပါ။

ပြီးရင် အပေါ်ပုံအတိုင်း Add ကိုနိပ်ပြီး ဒေါင်းပြီး သိမ်းထားတဲ့ မိမိဘမ်းယူမဲ့ Mp3 Format သီချင်းများကို ရွေးပေးရပါမယ် 

အပ်ါပုံအတိုင်း MP3 သီချင်းများ ကို Select All ပေးပြီး Add ကိုနိပ်ပြီးဆက်သွားပါ အောက်ပုံအတိုင်း..

ပြီးရင်အပေါ်ပုံမှာ ကြည့်ပါ အောက်နားလေးမှာ အနီရောင်မျှင်း ဆွဲပြထားပါတယ် 700 MB အထိ သီချင်းများထည့်သွင်းနိုင်ပါတယ် မိမိ အသုံးပြုတဲ့ CD အပေါ်မှာ မှုတည်ပါတယ် 700 MB ကျော်ရင်တော့ အနီရောင် ပြသွားပါမယ် 700 MB အထိပဲထည့်သွင်းလို့ရမှာဖြစ်ပါတယ်။ ကျွန်တော်ကတော့ မိစန္ဒီ ရဲ့ စီးရီး Album ကိုထည့်သွင်းပြီး ဘမ်းမှာ ဖြစ်တဲ့ အတွက် MB 80 ကျော်လောက်ပဲ ရှိပါတယ် ပြီးရင်တော့ Next Buttom လေးကို နိပ်ပြီး ဆက်သွားပါမယ်

ပြီးရင်တော့ Converting လုပ်နေပါမယ် 

Converting လုပ်ပြီးရင်တော့ အပေါ်ပုံအတိုင်း မျှားပြထားတဲ့ Open Tray ကိုနိပ်ပြီး cd drive မှာ CD သို့မဟုတ် DVD အသစ် တစ်ခွေကို ထည့်ပေးပြီး ပြန်ပိတ်ပေးလိုက်ပါ 

======================================။
အပေါ်ပုံ အတိုင်းဖြစ်သွားပြီး ဆိုရင်တော့ မျှားပြထားတဲ့ Write CD ဆိုတာလေးကို နိပ်ပေးလိုက်ပါ သူပါသူ Writing လုပ်နေပါမယ်။
Successfully ပြသွားရင်တော့ Ok ပေးပြီး cd drive မှ အခွေကိုယူပြီး VCD/DVD စက်ထဲထည့်သွင်းပြီး နားဆင်နိုင်ပါပြီ။ ဒီနည်းလေးကတော့ ရိုးရိုးရှင်းရှင်း အလွယ်ကူဆုံး ဘမ်းယူနည်းဖြစ်ပါတယ် တခြားဘမ်းနည်းတွေလဲ များစွာရှိပါသေးတယ်။ မသိသေးသူများအတွက် နားလည်မယ်လို့ မျှော်လင့်ပါတယ်။



တင်သမျှ ပို့စ် တွေကို Facebook မှာကြည့်မယ်ဆို{ ဒီနေရာမှ }သွားပြီး LIKE ပေးထားနိုင်ပါတယ်

0 comments:

Post a Comment