*သားကောင်းရတနာ(နည်းပညာ)*မှကြိုဆိုပါ၏ ယခု WebPage အားအချိန်မပေးနိုင်၍ 30/11/2015 မှာရပ်နားထားခဲ့သည်။

Sunday 31 August 2014

System Shutdown ကျသွားနိုင်တဲ့အချက်အချို့......


System Shutdown ကျသွားနိုင်တဲ့အချက်အချို့......
ကျွန်တော်တို့ ကွန်ပျူတာ Operation System တစ်ခု ရုတ်တရက်
Shutdown ကျသွားတယ်ဆိုရင် အများစုကအထင်မျိုးမျိုးနှင့်ဆုံးဖြတ်
တတ်ကြပါတယ်။ပုံမှန်အားဖြင့် Normal Decided တွေကတော့ CPU
Over heat, Electricity Un-stable, Bad Powersupply စသဖြင့်
ဆုံးဖြတ်ပြီး အဖြေရှာကြပါတယ်။ အခုကျွန်တော်ပြောမှာလေးတွေက
တော့ အချက်အလက်အချို့နဲ့ တစ်ခုချင်းစီပြောပြပါမယ်။
IRQ Conflict
IRQ ဆိုတာကတော့  Hardware သမားတိုင်းအလွယ်တကူသိနိုင်မှာပါ။
Interrupt Request Channel ဆိုတာကတော့ မိမိကွန်ပျူတာရဲ့ Device
တိုင်းမှာ သက်ဆိုင်ရာ Port Channel တွေရှိပါတယ်။ ဆိုလိုတာကတော့
Keyboard ဆိုရင် သူ့ရဲ့ IRQ နံပါတ်က 1 ဖြစ်ပြီး ၊ Printer ဆိုရင် IRQ7
Mouse ဆိုရင် IRQ12 စသဖြင့် သက်ဆိုင်ရာ Channel နံပါတ်တွေနဲ့ လုပ်
ဆောင်ကြတာဖြစ်ပါတယ်။ မိမိကွန်ပျူတာထဲမှာ ဘယ် Devices ကဘယ်
IRQ လည်းဆိုတာကိုသိနိုင်ဖို့အတွက်ကတော့ကျွန်တော်တို့ Run Box
ထဲကနေပြီးတော့ “devmgmt.msc” ဆိုပြီး Device Manager ကိုရိုက်
လိုက်ပါမယ်။



ထို့နောက်တော့ View Tab ထဲကနေပြီးတော့လက်ရှိ Devices by type
ဆိုတာကနေ Resources by type ဆိုတာကိုပြောင်းလိုက်ပါမယ်။

ထို့နောက်တော့ Interrupt request (IRQ) ဆိုတဲ့နေရာမှာနှိပ်လိုက်ပြီး
မိမိ System မှာမည်သည့် Devices က ဘယ် Channel Port တွေနဲ့
အလုပ်လုပ်နေသလည်းဆိုတာသိနိုင်ပါတယ်။ တစ်ခါတစ်လေ ထိုအထဲ
က Channel တွေတူညီနေတဲ့အခါမျိုးမှာလည်း System ကရုတ်တရက်
Shutdown ကျသွားတတ်ပါတယ်။ ဘယ်လိုအနေအထားမှာ Conflict
ဖြစ်တတ်သလည်းဆိုတော့ External Mouse, Kayboard, NIC စသည်
တို့ ထပ်မံ Extend လုပ်ပြီးသုံးစွဲတဲ့အခါမျိုးမှာလည်း Conflict ဖြစ်တတ်
ပါတယ်။
Bad RAM
OMG! ဒါကတော့ အဓိကပြဿနာတွေထဲကတစ်ခုပါပဲ။ အများစုဖြစ်တတ်
တဲ့ Blue Screen of Death ဖြစ်တတ်တာက ဒီပြဿနာများပါတယ်။ အ
ကြောင်းမူကား ကျွန်တော်တို့ Random Access Memory မှာ တစ်ကယ်
အလုပ်လုပ်တာက GHz နဲ့အလုပ်လုပ်ပါတယ်။ အဲဒီ GHz နဲ့အလုပ်လုပ်
တယ်ဆိုတာကလည်း  Seconds အရဆိုရင် Nano Second တွေနဲ့အလုပ်
လုပ်တာပါ။ ဥပမာ- 70ns နဲ့ အလုပ်လုပ်နေတဲ့ Memory က သက်တမ်း
ကြာလာတာနဲ့အမျှ၊ သို့မဟုတ် RAM Slot နဲ့ RAM Stick တိုကအကြား
Dusty ဖြစ်လာတယ်ဆိုရင်လည်း ns တွေကကျဆင်လာပြီး စက်ကိုရုတ်
တရက်ရပ်တန့်သွားစေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ RAM copper
Pin တွေနဲ့ Band တွေကို သန့်စင်အောင်လုပ်ပြီး Replacement ပြန်
လုပ်ပေးရပါတယ်။ အကောင်းဆုံးသန့်စင်ပစ္စည်းကတော့ Eraser (ခဲဖျက်)
သို့မဟုတ် A4 Paper Plain သန့်စင်သော စက္ကူစတို့ဖြင့် ကြေးပြားလေး
တွေကိုပွတ်တိုက်ပေးရပါတယ်။ ဒီနေရာမှာ အရေးကြီးမှာစရာရှိတာကတော့
ကြေးပြားလေးတွေကိုပွတ်တိုက်တဲ့အချိန်မှာသတိထားရပါမယ်။ ဘာကြောင့်
လည်းဆိုတော့ ၄င်းတို့က ကြာလာတာနဲ့အမျှ Processing များလာမှုကြောင့်
Heat တက်ပြီး ကြွတက်နေတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒီလိုအနေအထားမှာ
သင်ဟာ အသာအယာ ပွတ်တိုက်မှုမဟုတ်ပဲ၊ ကြမ်းတမ်းစွာလုပ်ဆောင်မယ်
ဆိုရင် ကြေးပြားလေးတွေကွာသွားပြီး သုံးမရအောင်ဖြစ်တတ်ပါတယ်။
Hard Disc Error
ရုတ်တရက် BOSO ဖြစ်တတ်တဲ့ ပြဿနာထဲမှာ ဒီအကောင်ကလည်းဒုတိ
ယအရေးကြီးဆုံးအချက်ဖြစ်ပါတယ်။ ဘာကြောင့်ဖြစ်တာလည်းဆိုတော့
ပထမအချက်က Casing ထဲမှာ ဖုန်မှုတ်များနေခြင်း၊ HDD Arm Crunk
ဖြစ်ထားခြင်း၊ Cable Loose ဖြစ်ခြင်းစသည်တို့ကြောင့်ဖြစ်ပါတယ်။ HDD
Arm Crunk ဘယ်အချိန်မှာဖြစ်တတ်သလည်းဆိုတော့ ကျွန်တော်တို့ပုံ
မှန် HDD မှာ သူ့ရဲ့ RPM က IDE တွေမှာဆို 5400 rpm ရှိပြီး SATA
တွေမှာဆိုရင်တော့ 7200 rpm ရှိပါတယ်။ ဒီလိုမျိုး တစ်မိနစ်မှာလည်နေ
တဲ့ အပတ်အရည်အတွက် 5400 တို့ 7200 တို့က ရုတ်တရက် လျှပ်စစ်
ဓာတ်ပြတ်တောက်သွားတဲ့အခါမှာ Platter နဲ့ Arm က ညိသွားတဲ့အခါ
မျိုးမှာ Bad Sector ဖြစ်သွားတတ်ပါတယ်။ ဆိုလိုတာကတော့ Physical
Error ပေါ့.. ဒီလို Bad Sector တွေများလာတဲ့အခါမျိုးမှာဘာတွေဖြစ်
တတ်သလည်းဆိုတော့ Window Operation System က Run နေပေ
မယ့်လည်း Performance ကျတတ်ပါတယ်။ ဆိုလိုတာက Drive Letter
တွေကိုဖွင့်ရင် ကြာနေတာမျိုးတွေ Data တွေကော်ပီကူးတဲ့အခါကြာတာ
မျိုးတွေဖြစ်တတ်ပါတယ်။ဒါကြောင့် HDD ကိုလည်း Cable Connection
တွေကိုစစ်ဆေးရပါမယ်။ Cable တွေကောင်းသလား၊ Connector တွေ
ကောင်းသလားဆိုတာကိုစစ်ပြီး Replacement ပြန်လုပ်ပေးရပါမယ်။
OE Exceptions and VXD Errors
OE Exception and VXD Error ဆိုတာကတော့အဓိကကတော့
Video Card Error ပဲဖြစ်ပါတယ်။ ဒီလိုအနေအထားမှာဖြစ်တယ်
ဆိုရင်တော့ အများစုက VGA (Video Graphic Array) ကြွသွား
တာများပါတယ်။ဒါကလည်း သင်မြင်ရတဲ့ BOSO ရဲ့ Code မှာ
VGA ကိုရည်ညွန်းမှပါ။ Build In VGA ဆိုရင်တော့ PCI Express
Card ကိုထည့်စိုက်ပြီးသုံးသင့်ပါတယ်။ Sprit Board ဆို၇င်လည်း
လက်ရှိ တပ်ထားတဲ့ VGA Card ကိုလည်းပြီးသုံးသင့်ပါတယ်။
အချို့က ရှိပါတယ်။ MB (Mother Board) ပေါ်မှာလည် On
Board VGA ပါပါတယ်။ ဒါပေမယ့် ထိုပါတဲ့ On Board ရဲ့ VGA
Size ကိုထပ်တိုးသုံးချင်တဲ့အတွက်ကြောင့် PCI Card တွေစိုက်ပြီး
ထပ်သုံးကြပါတယ်။ အထူးသဖြင့် Game ဆိုင်တွေပေါ့....ဒီအခါမှာ
အပေါ်မှာပြောတဲ့ IRQ Conflict ဖြစ်ခြင်းမျိုးတွေဖြစ်ပြီး System
Shutdown ဖြစ်တတ်ပါတယ်။
ဒါတွေကတော့ အများစု သတိမထားမိတဲ့အချက်လေးတွေလည်းပါ
ပါတယ်။ Computer Service သမားလုပ်မယ်ဆိုရင်တော့ အတွေ့
အကြုံများမှဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်ကတော့ အများ
စုကို ကျွန်တော်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ပြဿနာလေးတွေကိုတင်
ပေးပြီး အချိန်တိုအတွင်း တက်မြောက်စေရန်ရည်ရွယ်လိုက်ပါတယ်။
လေးစားစွာဖြင့်
 
Credit=CristianoZarni@ဦးဇာနည်
 


တင်သမျှ ပို့စ် တွေကို Facebook မှာကြည့်မယ်ဆို{ ဒီနေရာမှ }သွားပြီး LIKE ပေးထားနိုင်ပါတယ်

0 comments:

Post a Comment