AT YOUR OWN RISK_AT YOUR OWN RISK_AT YOUR OWN RISK
===================================================
လိုအပ်သောဖိုင်များကိုအရင်ဒေါင်းလိုက်ပါ
-
MTK Scatter File – http://d-h.st/rTw
SP Flash Tool – http://d-h.st/4iO
APP Extractor – http://d-h.st/yrS
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
အရင်ဆုံး ကိုယ် ပြန်တင်ချင်သော Firmware ဖိုင်ကိုအရင်ဖြည်ချပေးရပါမည်
Extractor ကို run ပါ ပီးလျှင် မိမိ တင်လိုသော update.app ကိုရွေးလိုက်ပါ
အောက်က ဘောက်စ်ထဲတွင် firmware အတွင်းမှ img များကိုတွေ့ရပါမည်
ပီးလျှင် ပုံတွင်ပြထားသည့်အတိုင်း ဖြည်ချပေးလိုက်ပါ
( ပုံ – ၁ )
ဖြည်ချလိုက်သော img များကို တွေ့ရပါမည် header ဖိုင်များက အသုံးမလိုပါ
ထို folder ထဲသို့ MTK Scatter ဖိုင်လေးကို နေရာရွေ့ထားလိုက်ပါ
( ပုံ – ၂ )
ဒုတိယအဆင့်အနေနဲ့ကတော့ Flash tool ကို Run ပါ
ပီးလျှင်အစောက ဒေါင်းထားသော Scatter ဖိုင်လေးကို ရွေးပေးလိုက်ပါ
အောက်က img ညွန်းရမည့်နေရာများတွင်း မည်သည့် img မှ မထည့်ရသေးပါ
( ပုံ – ၃ )
Flash ပေးရမည့် img များကို မိမိဖြည်ချထားသောနေရမှ တစ်ခုချင်း မှန်ကန်စွာ
ရွေးထည့်ပေးရပါမည် ( မှားလို့မရပါ သေချာကြည့်ပီး သေချာရွေးပေးရပါမယ် )
Android ဆိုတော့နေရာတွင် system.img ကိုရွေးပေးရပါမယ်
( ပုံ – ၄ )
နောက်ဆုံးအဆင့်အနေနဲ့ download ခလုပ်ကိုနှိုပ်ပေးလိုက်ပါ
ပီးလျှင် ဖုန်းကို ပါဝါပိတ် ဓါတ်ခဲဖြုတ်ပါ ခဏစောင့်ပါ ဓါတ်ခဲပြန်တပ်လိုက်ပါ
ပါဝါမဖွင့်ပဲ ဒီအတိုင်း USB ကြိုးထိုးပေးလိုက်ပါ Downloading စလုပ်ပါလိမ့်မယ်
( ပုံ – ၅ )
ယခုအတိုင်းပီးသွားပီဆိုလျှင် OK ပြလာပါလိမ့်မယ်
ဖုန်းကို ကြိုးဖြုတ်ပီး ပါဝါဖွင့်လို့ရပါပြီ Firmware ရေးခြင်းလုပ်ငန်းစဉ် ပြီးပါပြီ
==================
AT YOUR OWN RISK
==================
Firmware ပြန်တက်လာပီးတော့ IMEI ပြသနာရှိနေခဲ့လျှင်တော့ အောက်လင့််ကနည်းအတိုင်း ထပ်မံဖြေရှင်းပါ
http://tharyadanar.blogspot.com/2014/08/h30-u10-china-firmware-imei-null.html
1 comments:
no link APP Extractor
Post a Comment