*သားကောင်းရတနာ(နည်းပညာ)*မှကြိုဆိုပါ၏ ယခု WebPage အားအချိန်မပေးနိုင်၍ 30/11/2015 မှာရပ်နားထားခဲ့သည်။

Saturday 12 July 2014

Samsung Galaxy Note2 GT-7105 V-4.3 ကို Root လုပ်နည်း

Samsung Galaxy Note2 GT-7105 V-4.3 ကို Root လုပ်နည်း ဖြစ်ပါတယ် မသိသေးသူများအတွက် အဆင်ပြေစေရန် အသေးစိတ်ရေးတင်ပေးထားပါတယ် အောက်မှာအရင်ဆုံးလိုအပ်တာလေးတွေ အရင်ဒေါင်းယူလိုက်ပါ။

                                       SamSung Driver= DOWNLOAD NOW



အားလုံးဒေါင်းပြီးပြီဆိုရင်တော့ Winrar နဲ့ချုပ်ထားတဲ့ ဖိုင်ကို Right Click > Extract လုပ်ပြီးဖြည် ချလိုက်ပါ ပြီးရင်တော့ ထုံးစံအတိုင်း မိမိရဲ့ဖုန်းရဲ့ Settings ထဲဝင်ပြီး Unknown Sources / USB debugging ကိုအမှန်ခြစ်ပေးထားပါ မသိသေးသူများအတွက် တစ်ချို့ဖုန်းတွေမှာUSB debugging မဖေါ်ထားပါဘူးဖေါ်နည်းလေးကတော့ Settings> About device >Build number ကိုဆက်တိုက် ၇ ခါလောက်နိပ်ပေးလိုက်ပါ ဒါဆိုရင် settings ထဲမှာDeveloper option တစ်ခုရောက်နေပါလိမ့်မည် အဲ့အထဲဝင်ပြီး USB debugging အမှန်ခြစ်ပေးရမှာဖြစ်ပါတယ်။ Driver မရှိသေးသူများကတော့  Samsung USB Driver ကို Pc မှာ Install လုပ်ပါ။ ပြီးရင်တော့ ဒေါင်းပြီးဖြည်ထားတဲ့ အထဲမှ Odin3-v1.85 ကို Run ပါမယ်




PDA ဆိုတဲ့ button လေးကိုကလစ်ပြီးတော့ ဒေါင်းထားတဲ့ CF-Auto-Root -rar ဖိုင်ကိုရွေးပေးလိုက်ပါ 



ပြီးရင်တော့ ဖုန်းကို Power ပိတ်ပါ၊ Download Mode ၀င်ဖို့ (Volume Down + Home + Power) တပြိုင်တည်းတွဲနိပ်ထားပါမယ် Warning!! တက်လာရင်တော့ Volume Up ကိုဆက်နိပ်ပါ ဒါဆို Download Mode ရောက်ပီ အောက်ကပုံအတိုင်း


 ပြီးရင်တော့ ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ဆက်ပါမယ် Odin ကလဲ ဖုန်း-driver ကိုသိပြီဆိုရင် ID:COM မှာအ၀ါရောင်လေးသန်းလာပါမယ် အောက်ပုံလေးအတိုင်း


 ဒါ ဆိုရင်တော့ Star button လေးကိုနိပ်ပြီး ခဏစောင့်နေပါ သူပါသူအလုပ်လုပ်နေပါလိမ့်မယ် အပေါ်က အစိမ်းကွက်လေးထဲမှာ PASS! ဆိုပြီးပြရင်တော့ ဖုန်းကို Root လုပ်ခြင်းပြီးပါပြီ ဖုန်း restart ကျပြီးပြန်တက်လာရင် SuperSu လေးဖုန်းထဲရောက်နေပါပြီ။ 





ဆက်ပြီးတော့ SuperSu icon လေးကို နိပ်လိုက်ရင် အောက်က ပုံအတိုင်းဖြစ်နေပါမယ်



Unfortunately, SuperSu has Stopped ဖြစ်နေပါမယ် ဒါဆိုရင် Play Store ထဲဝင်ပြီး SuperSu ကို Update လုပ်ပေးရပါမယ် Play Store ၀င်မရသေးသူများက အောက်မှာ SuperSU v2.01 နောက်ဆုံးဗားရှင်းလေးကိုဒေါင်းယူပြီး ဖုန်းထဲ Install လုပ်ပေးလိုက်ပါ








SuperSu Update လုပ်ပြီးရင်တော့ (Samsung Galaxy Note2 GT-7105) Root စင်းလုံးချော ပေါက်သွားပါပြီ။ မသိသေးသူများအတွက် နားလည်မယ်လို့မျှော်လင့်ပါတယ်။




တင်သမျှ ပို့စ် တွေကို Facebook မှာကြည့်မယ်ဆို{ ဒီနေရာမှ }သွားပြီး LIKE ပေးထားနိုင်ပါတယ်

1 comments:

ကျမဖုန်းက Galaxy Note2 GT7105 Version 4.3 မို့ အထက်မှာပြသလို rootလုပ်လိုက်တာ PASSတော့ပြတာ် SuperSU တော့သူ့ အလိုလိုပေါ်မလာလို့ ကိုာ့်ဖာသာဘဒေါင်းလိုက်တယ်ရှင့် အခုထိလေ Gtalk , viber ,fb တွေမှာမြန်မာဖောင့်မမြင်ရသလိုရိုက်မရသေးပါဖူး frozen keyboard ထည့်ထားလို ပကီးဘုတ်မြင်ရပေမဲ့ကိုယ်ရိုက်တိုင်း လေးထောင့်တုံးတွေဘ့ကဖစ်နေပါတယ် ကူညီဖြေကြားပေးပါဦး အခုဒီစာရိုက်တာလည်းပေါ်တဲ့စာတွေကတစ်မျိုးမို

Post a Comment