*သားကောင်းရတနာ(နည်းပညာ)*မှကြိုဆိုပါ၏ ယခု WebPage အားအချိန်မပေးနိုင်၍ 30/11/2015 မှာရပ်နားထားခဲ့သည်။

Friday 11 July 2014

GPG EMMC Box နဲ့ EMMC IC ကို ပြန်ရေးနည်း


GPG EMMC Box နဲ့ EMMC IC ကို ပြန်ရေးနည်း
ရေးသားသူ- ကိုနေလ (Myanmar Mobile App Store)
GPGEMMC Box နဲ့ EMMC IC ကို ပြန်ရေးတဲ့ နည်းလေးပါ ( သိပြီးသားဆရာတွေ အတွက်တော့ အနှောင့်အရှက်ဖြစ်သွားရင် Sorry ပါလို့ ကြီုတင်တောင်းပန်ပါရစေ )
အရင်ဆုံး လိုအပ်တာကတော့ GPGEMMC Box ပေါ့နော် ပြီင်္းရင် လိုအပ်တဲ့GPGEMMC Box အတွက် Setup ဖိုင်နဲ့ EMMC ဖိုင်ကို ဒီလင့် http://www.gpgindustries.com/download/GPGeMMC/index.php?dir
ကနေဒေါင်းယူရင်ဖြစ်ဖြစ် ၊ အကောင်းတစ်လုံးကနေဖြစ်ဖြစ် Backup ယူလို့ရပါတယ်
( ကျွမ်းကျင်သူဆရာများကတော့ အကောင်းကနေ Backup ယူတာပိုပြီးစိတ်ချရတယ်လို့ ဆိုပါတယ် )
ကဲ ပြန်ရေးကြည့်ရအောင်နော် အရင်ဆုံးပြန်ရေးမဲ့အိုင်စီကို ခဲပြန်ဖော်ပြီး GPGEMMC Box ရဲ့ IC ထဲ့တဲ့ ပုံစံခွက်ထဲ မှာ ထည့်ပါ




( ပုံ-၀.၁ ) Box နဲ့ PC ကို ချိတ်ပြီး PC ကနေ ဒေါင်းထားတဲ့ အထဲက GPGeMMC_v1.22 >> GPGeMMC.exe ကို run ရပါမယ်
GPGEMMC Box ဆော့ဝဲ ပွင့်လာပြီဆိုရင် EMMC ဆိုတဲ့ အကွက်ကိုနှိပ်ပြီး All Manufacturers မှာ မိမိ အိုင်စီ အမျိုးအစားကိုရွှေးပြီး Select Chip နေရာမှာတော့ အိုင်စီရဲ့ နံပတ်လေးတွေ ကို ရွှေးပေးရပါမယ်
( ကျွမ်းကျင်သူများကတော့ မလိုဘူးလို့ ပြောပါတယ် / ကျွန်တော့် အမြင်တော့ မလိုအပ်ရင် ထည့်ပေးမှာမဟုတ်ဘူးထင်တာဘဲ ကျွန်တော့်အထင်မှားရင်လဲ မှားမှာပေါ့နော် )




ပုံ-၁/၂ ပြီးရင် ပြန်ရေးမဲ့ အိုင်စီကောင်းမကောင်း Read info ကိုနှိပ်
ပြီး Run ကြည့် ပါမယ် နမူနာအနေနဲ့ GT-I9300 ရဲ့ EMMC ကို ပြပေးထားပါတယ်




( ပုံ ၃/၄ ) အတိုင်းပြနေရင် ပြန်ရေးလို့ မရပါဘူး



( ပုံ ၅ )အတိုင်းပြနေရင်တော့ ပြန်ရေးလို့ ရပါတယ် ပြီးရင် User နေရာထည့်ထည့် က မှန်ဘီလူးနေရာလေးကို
နှိပ်ပြီး မိမိပြန်ရေးမဲ့ EMMC ဖိုင်ကိုသွားရွှေးပေးပြီး Write ဆိုတာလေးကိုနှိပ်ပေးလိုက်ရင် ဖိုင်ပြန်ရေးခြင်းစလုပ်နေပါပြီ



( ပုံ ၆ ) အတိုင်းစာတွေ ပေါ်လာပြီဆိုရင်တော့ EMMC ပြန်ရေးတာ အောင်မြင်စွာပြီးဆုံးပြီပေါ့ဗျာ အိုင်စီလေးကို စက်ပြားမှာပြန်တပ်
ပြီး လိုအပ်တာလေးတွေ ထပ်လုပ်လိုက်ရင် အားလုံးပြီးပြီပေါ့နော။



တင်သမျှ ပို့စ် တွေကို Facebook မှာကြည့်မယ်ဆို{ ဒီနေရာမှ }သွားပြီး LIKE ပေးထားနိုင်ပါတယ်

1 comments:

ဖုန်းလေ့လာနေသူတွေအတွက်ပဟုသုတရတာပေါ့  ကျေးဇူးပါဆရာ

Post a Comment