*သားကောင်းရတနာ(နည်းပညာ)*မှကြိုဆိုပါ၏ ယခု WebPage အားအချိန်မပေးနိုင်၍ 30/11/2015 မှာရပ်နားထားခဲ့သည်။

Sunday 6 July 2014

အကြောင်းအမျိုးမျိုးကြောင့် BootLoop/Logo မှာလည်နေတဲ့ Galaxy YလေးကိုBoot ပြန်နိုးယူနည်း

BootLoop/Logo မှာလည်နေတဲ့ Galaxy Y လေးတစ်လုံးရောက်လာပါတယ် "Game ကစားလို့ဖြစ်သွားတာပါတဲ့"ဟုတ်လားတော့ မသိ;) အဲ့တာနဲ့ ပထမဆုံး Reset ချပြီး Firmware ပြန်တင်ပါတယ် ထိုနည်းတူ ပြန်လည်နေပါတယ် နောက်တစ်ခေါက် Firmware ပြန်ရေးကြည့်ပါတယ် Box Tool တွေနဲ့လဲပြန်ရေးကြည့်ပါဒေ ဒါလဲ Logo မှာ မှာပဲလည်နေသေးပါတယ် "တိုင်ပတ်ပြီ":cry: အဲ့တာနဲ့နောက်ဆုံး Google ကိုပဲအားကိုးရတော့မယ်.. ဆရာ goolel မှာမွှေတော့ XDA မှာ နည်းလမ်းလေးသွားတွေ့ပါတယ် :biggrin::biggrin: Original Gingerbread OS ကို Odin3 v1.85 ကိုသုံးပြီး boot ပြန်နိုးနည်းလေးဖြစ်ပါတယ်..အောက်မှာလိုအပ်တာလေးတွေ အရင်ဒေါင်းယူလိုက်ပါ......။

 SamSung USB Driver= DOWNLOAD

Winrar နဲ့ချုပ်ထားတဲ့ ဖိုင်များကို ဖြည်ချလိုက်ပါ Driver မရှိသေးသူများကတော့  Samsung USB Driver ကို Pc/laptop မှာ Install လုပ်ပါ ပြီး အထဲမှာပါလာတဲ့ Odin3 v1.85 ကို Run ပြီးသက်ဆိုင်ရာဖိုင်များကိုအောက်ပုံတွေအတိုင်းထည့်ပေးလိုက်ပါ။ ပုံများသေးနေရင် ကလစ်ပြီးကြည့်ပါ။

WinRaR ဖိုင်များကို မဖြည်ချပဲ နံပါတ်စဉ်အတိုင်း ကလစ်ပြီးထည့်ပေးရပါမယ်
1 for BOOTLOADER
2 for CSC
3 for PHONE
4 for PDA 
ပြီးရင်တော့ ဖုန်းကို Power ပိတ်ပါ၊ Download Mode ၀င်ဖို့ (Volume Down + Home + Power) တပြိုင်တည်းတွဲနိပ်ထားပါမယ် Warning!! တက်လာရင်တော့ Volume Up ကိုဆက်နိပ်ပါ ဒါဆို Download Mode ရောက်ပီ အောက်ကပုံအတိုင်း

ပြီးရင်တော့ ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ဆက်ပါမယ် Odin က ဖုန်းကိုသိပြီဆိုရင် ID:COM 
မှာ အ၀ါရောင်လေးသန်းနေပါမယ် ဒါဆိုရင် "Start" button လေးကိုနိပ်ပြီး ခဏစောင့်နေပါ သူပါသူအလုပ်လုပ်နေပါမယ်။




"PASS!" ပြရင်တော့ ချိတ်ဆက်ထားတဲ့ USB cable ကို ဖြုတ်ပေးလိုက်ပါ။ဖုန်း Reboot ကျပြီးပြန်တက်လာရင်တော့ ဖလန်းဖလန်းထ Logo လည်နေတာလေး အမြှစ်ကျွတ်သွားပါပြီ။ မသိသေးသူများအတွက် နားလည်မယ်လို့မျှော်လင့်ပါတယ် သိသူတွေ ကျော်သွားနိုင်ပါတယ်။အဆင်ပြေပါစေ။






တင်သမျှ ပို့စ် တွေကို Facebook မှာကြည့်မယ်ဆို{ ဒီနေရာမှ }သွားပြီး LIKE ပေးထားနိုင်ပါတယ်

0 comments:

Post a Comment