*သားကောင်းရတနာ(နည်းပညာ)*မှကြိုဆိုပါ၏ ယခု WebPage အားအချိန်မပေးနိုင်၍ 30/11/2015 မှာရပ်နားထားခဲ့သည်။

Sunday 29 June 2014

Samsung Version 4.0.3 / 4.0.4 / 4.1.2 များအတွက် Root မလိုပဲ Flash Zip ဖြင့် 100% မှန်အောင် မြန်မာဖောင့်ထည့်ကြမယ်


Samsung V4.0.3 ကနေ V4.1.2 တွေ အထိ Zawgyione Font ဖြင့် သုံးပါက မြန်မာစာ ရာနှုန်းပြည့် မမှန်ကန်ပါ။ ထို့အပြင် facebook, viber, Chat box နှင့် Web စာမျက်နှာများ၏ ညာဘက်ထောင့်တွေမှာ စာများအောက်ကို မဆင်းဘဲ ပျောက်တတ်ပါတယ်။ Samsung ပတ်သက်ဖူးတဲ့ သူတိုင်း သိပြီးသားဖြစ်မှာပါ။ ထိုအခက်အခဲများ ပြေလည်စေရန် ကိုကျော်စွာသွင်က မြန်မာစာမှန်အောင် Smart Zawgyi Pro.bat ထုတ်ပေးခဲ့ပါတယ်။ ထိုအပြင် facebook, viber, Chat box နှင့် Web စာမျက်နှာများ၏ ညာဘက်ထောင့်တွေမှာ စာများ အလိုအလျှောက် ပြန်ပေါ်အောင်နှင့် မြန်မာစာ ရာနှုန်းပြည့်မှန်အောင် ကိုကျော်ဇောနိုင်က fepfz.apk ကို ထုတ်ပေး ခဲ့ပါတယ်။ ထိုကြောင့် မြန်မာဖုန်းလောက ရဲ့ မြန်မာစာ အခက်အခဲ ကို အဆင်ပြေစွာ ကျော်လွှားနိုင်ခဲ့ ကြပါတယ်။
ကျနော်က ကိုကျော်စွာသွင်ရဲ့ Smart Zawgyi Pro.bat နှင့် ကိုကျော်ဇောနိုင်ရဲ့ fepfz.apk တို့ကို ကောက်နုတ် မှီငြမ်းပြီး Samsung V4.0.3 ကနေ V4.1.2 တွေ အထိ မြန်မာစာ ၁၀၀% ပြည့်မြန်အောင် flashable zip ဖိုင်လေး လုပ်၍ သုံးစွဲခဲ့ပါတယ်။ ထို zip ဖိုင်ကို Samsung V4.0.3 ကနေ V4.1.2 ထိ ဖုန်းနဲ့ Tab တွေကို ဘယ်နေရာမှာမှ စာမပျောက် မြန်မာစာ ရာနှုန်းပြည့်မှန်အောင် အလုပ်မရှုပ်ပဲ အချိန်တိုတိုအတွင်း အလွယ်တကူ မြန်မာစာနှင့် ကီးဘုတ် သွင်းလို့ ရအောင် ကိုယ်တိုင်လုပ်သုံးနေခဲ့တာကြာပါပြီ။ တောင်းဆိုတဲ့ သူရှိလို့ ပြန်လည် မျှဝေ လိုက်ပါတယ်။ အသုံးပြုလိုပါက အောက်ဆုံးက လင့်မှာ ဒေါင်း ယူပါ။
သုံးစွဲပုံမှာ - သင်၏သက်ဆိုင်ရာ Samsung drive တွင် CWM (သို့) Philz (သို့) TWRP အရင်ဆုံးထည့်ထားရပါမယ်။ မိမိဖုန်းနဲ့ သက်ဆိုင်ရာ CWM (သို့) Philz (သို့) TWRP ကို အောက်က လင့်မှာ ဒေါင်းယူ၍ Odin ဖြင့် မိမိဖုန်း ထဲသို့သွင်းယူပါ။

                   CWM Link သို့ >>>http://www.clockworkmod.com/rommanager

                       Philz Link သို့ >>http://d-h.st/users/philz_touch

                TWRP Link သို့ >>>http://teamw.in/twrp_view_all_devices

CWM,TWRP,Philz တင်နည်းမသိပါက (ဒီနေရာမှာ) ဆိုတာကို နိပ်၍ လေ့လာပြီး ထိုနည်းပုံစံအတိုင်း ထည့်သွင်းနိုင်ပါတယ်။
ဘယ်နေရာမှာမှ စာမပျောက် မြန်မာစာ ရာနှုန်းပြည့်မှန်စေရန် Samsung(V4.0.3,4.0.4,4.1.2)_mmFont100%_Installer.zip ကို မိမိဖုန်းရဲ့ SdCard0 (သို့) exSdCard ထဲသို့ သွင်းထားပါ။ ဖုန်း ပါဝါကို ပိတ်၍ Power + Volume up + Home ကို ပေါင်း နှိပ်ပြီး Recovery mode (CWM/Philz/TWRP) သို့ဝင်ပါ။ ထိုနောက် မိမိထည့်ထားသော Zip သို့သွား၍ Install လုပ်ပြီး Reboot ချပေးပါ။ ကျနော်လုပ်ထားသော Zip ဖိုင်မှ data များကို ပြန်ဖျက်ချ လိုပါက Samsung(V4.0.3,4.0.4,4.1.2)_mmFont100%_Uninstaller.zip ကို Recovery mode သို့ ပြန်ဝင်ပြီး Install လုပ်၍ ပြန်ဖျက်ချ ပြစ် နိုင်ပါတယ်။
ကျနော် သုံး၍ အဆင်ပြေသော zip ဖိုင်များကို အများအဆင်ပြေစေရန် ပြန်၍မျှဝေခြင်း ဖြစ်ပါတယ်။ zawgyione font ကို အသုံးပြုထားပါသည်။

Thanks to Thanks to Xda, KoKyawZawNaing, KoKyawSwarThwin, Frozen Keyboard, Zawgyi Team.






Samsung(V4.0.3,4.0.4,4.1.2)_mmFont100%_Installer.zip

==================================================




Credit to Flash Zip Owner= kyaw Min Soe 




တင်သမျှ ပို့စ် တွေကို Facebook မှာကြည့်မယ်ဆို{ ဒီနေရာမှ }သွားပြီး LIKE ပေးထားနိုင်ပါတယ်

0 comments:

Post a Comment