*သားကောင်းရတနာ(နည်းပညာ)*မှကြိုဆိုပါ၏ ယခု WebPage အားအချိန်မပေးနိုင်၍ 30/11/2015 မှာရပ်နားထားခဲ့သည်။

Monday 16 June 2014

Samsung Galaxy Note 2 GT-N7105 V.4.3 ကို CWM တင်ပြီး မြန်မာစာစနစ်,ဖောင့် , မြန်မာ original ကီးဘုတ် ထည့်သွင်းနည်း

 
Samsung Galaxy Note 2 GT-N7105 V.4.3 ကို CWM တင်ပြီး မြန်မာဖောင့် , Build in မြန်မာစာ စနစ်, မြန်မာ original ကီးဘုတ်,ထည့်သွင်းနည်းဖြစ်ပါတယ် လိုအပ်တာလေးတွေ အောက်မှာ အရင်ဒေါင်းယူလိုက်ပါ။

CWM File = Download

SamSung Driver= DOWNLOAD NOW
  
Odin3 v3.07 = DOWNLOAD 
  
အားလုံးဒေါင်းပြီးပြီဆိုရင်တော့ Winrar နဲ့ချုပ်ထားတဲ့ ဖိုင်များကို ဖြေချလိုက်ပါ ပြီးရင်တော့ ထုံးစံအတိုင်း မိမိရဲ့ဖုန်းရဲ့ Settings ထဲဝင်ပြီး Unknown Sources / USB debugging ကိုအမှန်ခြစ်ပေးထားပါ Driver မရှိသေးသူများကတော့  Samsung USB Driver ကို Install လုပ်ပါ ပြီးရင် Odin ကို Run ပြီတော့ PDA ဆိုတဲ့ button လေးကိုကလစ်ပြီးတော့ ဒေါင်းပြီးဖြည့်ထားတဲ့  recovery.tar.md5 ဖိုင်ကိုရွေးပေးလိုက်ပါ အောက်ကပုံလေးအတိုင်း ပုံများသေးနေရင် ကလစ်ပြီးကြည့်ပါ...

 ပြီးရင်တော့ ဖုန်းကို Power ပိတ်ပါ၊ Download Mode ၀င်ဖို့ (Volume Down + Home + Power) တပြိုင်တည်းတွဲနိပ်ထားပါမယ် Warning!! တက်လာရင်တော့ Volume Up ကိုဆက်နိပ်ပါ ဒါဆို Download Mode ရောက်ပီ အောက်ကပုံအတိုင်း

 ပြီးရင်တော့ ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ဆက်ပါမယ် Odin ကလဲ ဖုန်း-driver ကိုသိပြီဆိုရင် ID:COM မှာအပြာနုရောင်လေးသန်းလာပါမယ် အောက်ပုံလေးအတိုင်း

 အပေါ်ပုံလေးအတိုင်းဖြစ်နေပြီဆိုရင်တော့ "Star" button လေးကိုနိပ်ပြီး ခဏစောင့်နေပါ သူပါသူအလုပ်လုပ်နေပါလိမ့်မယ် အပေါ်က အစိမ်းကွက်လေးထဲမှာ PASS! ဆိုပြီးပြရင်တော CWM တင်တဲ့ အပိုင်းပြီးပါပြီ။




 CWM တင်ပြီးရင်တော့ မြန်မာဖောင့် ကီးဘုတ်သွင်းဖို့ အတွက် အောက်မှာ SamsungV4.3_CompleteSet_Zawgyi2008.zip ဒေါင်းယူလိုက်ပါ

Download Link >>SamsungV4.3_CompleteSet_Zawgyi2008.zip


ဒေါင်းပြီးရင်တော့ မိမိဖုန်းရဲ့ SdCard0 (သို့) exSdCard ထဲသို့ copy ယူပြီးထည့်ထားလိုက်ပါ။ ဖုန်း ပါဝါကို ပိတ်၍ Volume Up+Home key+ Power ကို တပြိုင်တည်း နှိပ်ထားပြီး Recovery mode သို့ဝင်ပါ။ ထိုနောက် မိမိထည့်ထားသော ဖောင့် Zip သို့သွား၍ Install လုပ်ပြီး Reboot ချပေးပါ။ ထိုအဆင့်များအတိုင်းလုပ်သွားပါက မိမိဖုန်းမှာ မြန်မာစာနေရာတိုင်းတွင် မြင်နိုင်ပါပြီ။ မည်သည့် font မှ မပျောက်ပါ။ Samsung original မြန်မာ ကီးဘုတ် ရရန် Setting/My device/Language and input/Samsung keyboard ရဲ့ ဘေးက setting ကို ၀င်ပါ။ + Select input languages ကို ဆက်ဝင်၍ English(*) နှင့် Myanmar(Zawgyi) (သို့) မြန်မာ(သို့) Burmes ကို အမှတ်ခြစ်ပေးပါ။ ထိုနောက် ကီးဘုတ် ကိုသွား၍ space bar ကို ဘယ်ညာပွတ်ပြီး English နှင့် မြန်မာ original ကီးဘုတ်ကို လိုသလို သုံးစွဲနိုင်ပါပြီ။ 


Build in Myanmar စနစ် ကို ရရန် Setting/My device/Language and input/Lunguage/Myanmar (Zawgyi) ကို ရွေးပေးလိုက်ပါ။အောက်ပုံအတိုင်းတွေရပါမယ် 

Samsung Galaxy Note 2 GT-N7105 V.4.3 မြန်မာဖောင့် နဲ့ ကီးဘုတ်သွင်းခြင်းပြီးပါပြီ မသိသေးသူများအတွက် နားလည်မယ်လို့ မျှော်လင့်ပါတယ်။
ပုဂံ ကီးဘုတ်ကြိုက်တဲ့ သူတွေကတော့ (ဒီနေရာမှာ) သွားရောက် ဒေါင်းယူနိုင်ပါတယ်။

 ဒီ ဖောင့် Zip လေးကို ဖန်တီးပေးထားသူကတော့ kyaw Min Soe ဖြစ်ပါတယ်
 


တင်သမျှ ပို့စ် တွေကို Facebook မှာကြည့်မယ်ဆို{ ဒီနေရာမှ }သွားပြီး LIKE ပေးထားနိုင်ပါတယ်

0 comments:

Post a Comment