*သားကောင်းရတနာ(နည်းပညာ)*မှကြိုဆိုပါ၏ ယခု WebPage အားအချိန်မပေးနိုင်၍ 30/11/2015 မှာရပ်နားထားခဲ့သည်။

Sunday 12 October 2014

(Lenovo S850 Android KitKit 4.4.2 ) Firmware တင်နည်း

Lenovo S850 Android KitKit 4.4.2 ကို  Firmware တင်နည်းလေးဖြစ်ပါတယ် အခုဒီ ဒီနည်းလေးက flashtool ကိုသုံးပြီးတင်နည်းလေးကို error ကင်းပြီး အဆင်ပြေ၍ မသိသေးသူများအတွက် အသေးစိတ်ရေးတင်ပေးလိုက်ပါတယ် အောက်မှာလိုအပ်တာလေးအရင် ဒေါင်းယူလိုက်ပါ။
ROM Description :
• Model Name : Lenovo S850
• Build Number :S850_ ROW_S205_140729
• Date : 14-08-2014
• OS : Android 4.4.2
• Language : Russian , Ukrainian, English, Arabic, Spanish, French, Chinese, Vietnamese, Indonesian, Malaysian, Thai

Lenovo USB Driver =Download Click Here

Rom and Flashtool = Download Click Here

အားလုံးဒေါင်းပြီးရင်တော့ Winrar zip များကို desktop ပေါ်မှာဖြည်ချလိုက်ပါ ပြီးရင် USB Driver ကို Pc မှာ Install လုပ်ပါ ပြီးရင် ဒေါင်းပြီးဖြည်ထားတဲ့ (S850_ROW_S207_140814) Folder ထဲမှ Flash_Tool.exe ကို Run ပါမယ် အောက်ပုံအတိုင်း ပုံများသေးနေရင် ကလစ်ပြီးကြည့်ပါ....

ပြီးရင် အောက်ပုံအတိုင်း DL All with Checksum မှာ အမှန်ခြစ်ပြီး Scatter-Loading button ကိုနိပ်ပြီးတော့ ဒေါင်းပြီးဖြည်ထားတဲ့ (S850_ROW_S207_140814) Folder ထဲမှ target_bin folder ကိုဆက်ဝင်ပြီး အထဲမှ MT6582_Android_scatter.txt ကိုရွေးပေးလိုက်ပါ အောက်ပုံတွေ အတိုင်း....


ပြီးရင်တော့ အပေါ်နားမှ Download button လေးကိုနိပ်လိုက်ပါ (့သို့မဟုတ်) F9 နိပ်ပါ ခဏစောင့် ပါ ခရမ်းနုရောင် အတန်းလေးတွေ ပြေးနေပါမယ် ပြီးအောင်စောင့်ပါ ပြီးရင် ဖုန်းကို Power ပိတ် battery ဖြုတ်ပြန်တပ်ထားပြီးအသင့် စောင့်နေပါ အောက်ပုံအတိုင်း..။

ခရမ်းနုရောင် အတန်းလေးတွေ ပြေးပြီး ရပ်သွားရင်တော့ ဖုန်းကို Pc နဲ့ ချိတ်ဆက်ပါမယ် ဒီအချိန်မှာ အနီရောင် ၊ ခရမ်းနုရောင် ၊ အ၀ါရောင် ၊ အတန်းတွေ ပြေးနေပါမယ် နောက်ဆုံး အစိမ်းရောင် အ၀ိုင်းလေးနဲ့ Download Ok ဆိုတဲ့ စာလေးပေါ်လာရင်တော့ Lenovo S850 Android KitKit 4.4.2 ကို  Firmware တင်ခြင်းပြီးပါပြီ။

 ဖုန်းကို Power ဖွင့်ပါ boot အတက်မှာအနည်းယ်ေကြာပါမယ် ပြီးရင်တော့ KitKit Version လေးနဲ့ လန်းနိုင်ပါပြီ။အောက်မှာ Screen Shot လေးတွေရိုက်ပြထားပါတယ် မသိသေးသူများအတွက် နားလည်မယ်လို့ မျှော်လင့်ပါတယ်။




တင်သမျှ ပို့စ် တွေကို Facebook မှာကြည့်မယ်ဆို{ ဒီနေရာမှ }သွားပြီး LIKE ပေးထားနိုင်ပါတယ်

2 comments:

lenoovo x2 ap ကို vroot kingo root နဲ့  မရလို့  ကူညီပါ ခင်ဗျ

Post a Comment