*သားကောင်းရတနာ(နည်းပညာ)*မှကြိုဆိုပါ၏ ယခု WebPage အားအချိန်မပေးနိုင်၍ 30/11/2015 မှာရပ်နားထားခဲ့သည်။

Thursday 26 June 2014

Galaxy Note1 GT-N7000 Version 4.1.2 ကိုအလွယ်ကူဆုံး Root လုပ်နည်း

Samsung Galaxy Note1 GT-N7000 Version 4.1.2 ကိုအလွယ်ကူဆုံး CWM တင်စရာမလိုပဲ stock recovery mode ကိုဝင်ပြီး Root zip ကို flash ပြီး Root ချိုးနည်းလေးဖြစ်ပါတယ်.အရင်ဆုံး မိမိဖုန်းရဲ့ Settings ထဲဝင်ပြီး Unknown Sources ကိုအမှန်ခြစ်ပေးထားပါ။ ပြီးရင်တော့ အောက်က Root zip ဖိုင် ကိုအရင်ဒေါင်းယူလိုက်ပါ 

Root Zip Copy Link = Download

Root Zip Mediafire Link = Download

ပြီးရင်တော့ ဒေါင်းလို့ရလာတဲ့ Root_SuperSu.0.95.Only -Signed.zip ဆိုတဲ့ Zip ဖိုင်ကို ဖုန်းရဲ့ SdCard0 (သို့) External Sdcard ထဲကိုထည့်ထားလိုက်ပါ။ ပြီးရင် ဖုန်းကို Power ပိတ် recovery mode ကိုဝင်ဖို့ (Volume Up + Home + Power) key တို့ကိုတပြိုင်တည်းနိပ်ထားပြီး Samsung Logo နှစ်ခါပေါ်ရင်တော့ နိပ်ထားတဲ့ ကီးတွေကို လွတ်လိုက်ပါ ဒါဆိုရင် recovery mode ရောက်ပါပြီအောက်ပုံလေးအတိုင်း 


Volume Up, Volume Down တို့ကို အသုံးပြုပြီး apply update from external storage ဆိုတာကိုရွေးပြီး Power key ကိုနိပ်၍ ၀င်လိုက်ပါ အောက်ပုံလေးအတိုင်း




အပေါ်က ပုံအတိုင်းဖြစ်နေပြီးဆိုရင်တော့ Root_SuperSu.0.95.Only -Signed.zip ဆိုတာကိုရွေးပေး၍ power key ကိုနိပ်ပြီး yes ကိုဆက်နိပ်ရင်တော့ Zip ကို install လုပ်နေပါမယ် Complete ဖြစ်သွားရင်တော့ back နဲ့ပြန်ထွက်ပြီး reboot system now ကိုရွေးပြီး yes နိပ်လိုက်ရင်တော့ ဖုန်း reboot ကျပြီးပြန်တက်လာရင်တော့ SuperSu လေးဖုန်းထဲရောက်နေတာကိုတွေ့ရပါမယ် ဒါဆိုရင်တော့ Root လုပ်ခြင်းပြီးပါပြီ။စမ်းသပ်ထားပြီး ဖြစ်ပါတယ်.



စစ်ဆေးကြည့်ချင်သေးရင် Root Checker Apk ကို (ဒီနေရာမှာ)
 ဒေါင်းယူပြီး စစ်ကြည့်နိုင်ပါတယ်.မသိသေးသူများအတွက် နားလည်မယ်လို့မျှော်လင့်ပါတယ်




တင်သမျှ ပို့စ် တွေကို Facebook မှာကြည့်မယ်ဆို{ ဒီနေရာမှ }သွားပြီး LIKE ပေးထားနိုင်ပါတယ်

1 comments:

NOTE2 GT-N7100အတွက်​လည်း တင်​​ပေးပါလားဗျာ

Post a Comment