*သားကောင်းရတနာ(နည်းပညာ)*မှကြိုဆိုပါ၏ ယခု WebPage အားအချိန်မပေးနိုင်၍ 30/11/2015 မှာရပ်နားထားခဲ့သည်။

Saturday 15 February 2014

Samsung Galaxy Note 3 SM-N900မှာ Rootမချိုးဘဲ မြန်မာဖောင့်ထည့်နည်း

Samsung Galaxy Note 3 မှာ Root မချိုးဘဲမြန်မာဖောင့်ထည့်ချင်သူတွေ အတွက် ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ပြီ ဖြေရှင်းခဲ့ရတဲ့ နည်းလမ်းလေးကို တင်ပြချင်ပါတယ်။ ကျွန်တော်လည်း ဖုန်းကိုစ၀ယ်လာစဆိုတော့ Warranty မပျက်ချင်သေးလို့ Root မချိုးဘဲမြန်မာဖောင့်ထည့်တာ နည်းမျိုးစုံနဲ့လုပ်ကြည့်တယ်။ အဆင်ပြေဘူး။ ဒါနဲ့ ကျွန်တော်လည်း ကလိရင်းကနေ ဒီနည်းလမ်းလေးနဲ့ အဆင်ပြေလို့ တခြားအဆင်မပြေသူများလည်း အလွယ်တကူပြုလုပ်နိုင်ရန် ပြန်လည်ဖောက်သည်ချလိုက်ပါတယ်။ Note 3 မှာ Rootမချိုးဘဲ မြန်မာဖောင့်ထည့်ချင်သူတွေကတော့ အောက်ပါအတိုင်းလုပ်ဆောင်ကြည့်ပါခင်ဗျာ........



1.ပထမဆုံး Zawgyi One TTF v2.0 ကို ဒီမှာ ဒေါင်းယူပါ။ ပြီးရင် ဖုန်းထဲမှာ Install လိုက်ပါ။
2.ဒုတိယအနေဖြင့် iFont ကို ဒီမှာ ဒေါင်းယူနိုင်သလို Playstore မှာလည်း ဒေါင်းယူနိုင်ပါတယ်။
ဒေါင်းယူပြီးရင် iFont ကိုဖုန်းထဲမှာ Install လိုက်ပါ။
3.တတိယအဆင့်အနေနဲ့ System Setting>>My Device>>Display>>Font ဆိုတဲ့နေရာမှာ
Font Style ကို Samsung Sams လို့ပြောင်းပေးပါ။

4.အပေါ်ကပုံအတိုင်းပြောင်းပြီးပြီ ဆိုရင်တော့ iFont ထဲကိုဝင်ပြီး Install အောက်က Zawgyi One TTF ဆိုတဲ့နေရာမှာ Setကိုနှိပ်လိုက်ပါ။

5.အပေါ်ကအဆင့်ပြီးသွားပြီဆိုရင်တော့ Zawgyi-One Flipfont ကို ဒီမှာ ဒေါင်းယူပြီဖုန်းထဲမှာ Installလိုက်ပါ။ပြီးရင်Display>>Font Style နေရာကို ပြန်သွားပြီး မိမိနှစ်သက်ရာ Font Styleကို ရွေးချယ်အသုံးပြုပါ။ ကျွန်တော်ကတော့ အောက်ကပုံအတိုင်း Iphone ဆိုတဲ့ Fontလေးကို ရွေးချယ်ထားပါတယ်။

6.ပြီးရင်တော့  မိမိ Samsung Galaxy Note 3 မှာ မြန်မာလို ဖတ်နိုင်ရေးနိုင် ပြုနိုင်ပါပြီ။


7. ရေးနိုင်ဖို့အတွက် Myanmar Keyboard လေးတွေတော့ လိုအပ်သေးတာပေါ့။ မရှိသေးရင်တော့ အောက်မှာဒေါင်းယူသွားလိုက်ပါ။

<<<Bagan Keyboard v3.1.2 Crackအားဒေါင်းယူရန်>>>

<<<Frozen Keyboard Pro Crack Versionအားဒေါင်းယူရန်>>>

<<<I text mm2 v3.0 keyboardအားဒီမှာဒေါင်းယူပါ>>>

 

 

Credit= အစိမ်းရောင်မင်းသား(ဆော့ဝဲမြို့တော်)

2 comments:

ဒီနည်းနဲ့ လုပ်ကြည့်ပြီးပြီ
အဆင်မပြေဘူး
အဆင်ပြေတဲ့နည်းလေး လုပ်ပါအုံး:-) :-)

ဒီနည်းနဲ့ လုပ်ကြည့်ပြီးပြီ
အဆင်မပြေဘူး
အဆင်ပြေတဲ့နည်းလေး လုပ်ပါအုံး:-) :-)

Post a Comment